KIC အယ်ဒီတာချုပ် သတင်းမီဒီယာအမျိုးသမီးဆု ချီးမြှင့်ခံရ

၂၀၂၄ ခုနှစ်အတွက်  Women in News Editorial Leadership Award ဆု ရရှိခဲ့သည့် ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ (ယာ) နှင့်အတူ Al Jazeera ဒါရိုက်တာ Dima Khatib (လယ်)နှင့် အာဖရိ The Guardian အယ်ဒီတာ Beatrice Bandawe (ဝဲ) တို့အား တွေ့ရစဉ်။
၂၀၂၄ ခုနှစ်အတွက် Women in News Editorial Leadership Award ဆု ရရှိခဲ့သည့် ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ (ယာ) နှင့်အတူ Al Jazeera ဒါရိုက်တာ Dima Khatib (လယ်)နှင့် အာဖရိ The Guardian အယ်ဒီတာ Beatrice Bandawe (ဝဲ) တို့အား တွေ့ရစဉ်။ (WAN-IFRA)

သတင်းလောကမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုကို ကရင်သတင်းဌာန(KIC) အယ်ဒီတာချုပ် နန်းဖော့ဂေက ဒီနှစ် ရရှိသွားပါတယ်။

သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ အာဖရိက၊ အာရပ်ဒေသနဲ့ အရှေ့တောင်အာရှက သတင်းသမားတွေကို အဓိကချီးမြှင့်တာဖြစ်ပြီး နန်းဖော့ဂေဟာ အရှေ့တောင်အာရှကိုယ်စားပြုအဖြစ် ဆုချီးမြှင့်ခံရတာပါ။

စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သတင်းမီဒီယာလောကမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူ ညီမျှမှုရှိဖို့၊ အမျိုးသမီးသတင်းသမားတွေကို စံနမူထားနိုင်ဖို့ ဒီဆုကို ချီးမြှင့်တာဖြစ်ပါတယ်။

ကမ္ဘာ့သတင်းစာနယ်ဇင်း ထုတ်ဝေသူများအသင်းက ဒီဆုကိုချီးမြှင့်လာတာ ဒီ ၂ဝ၂၄ ခုနှစ်မှာ ဆယ်နှစ်တင်းတင်းပြည့်မြောက်တာဖြစ်ပါတယ်။

ဒီနှစ်အတွက် နန်းဖော့ဂေနဲ့အတူ Al Jazeera ဒါရိုက်တာ Dima Khatib နဲ့ အာဖရိ The Guardian အယ်ဒီတာ Beatrice Bandawe တို့ကိုလည်း ဆုချီးမြှင့်တာဖြစ်ပါတယ်။