နာဂဒေသမှာ မီးလောင် လူဦးရေ ၅၀၀ အိုးမဲ့အိမ်မဲ့ဖြစ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က မီးလောင်တာကြောင့် နေအိမ် ၇၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

မီးလောင်ပျက်ဆီးသွားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာကို တွေ့ရစဉ် Photo: Aye Myat Nwe/ Facebook

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က မီးလောင်တာကြောင့် နေအိမ် ၇၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

ဆိုလာပြားကနေတဆင့် ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာမှာ ဒေသခံတွေ တောင်ယာသွားတဲ့ နေ့လည်ချိန် မှာ ဖြစ်တဲ့အတွက် ပျက်စီးမှုများခဲ့တယ်လို့ လဟယ် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြောပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေဟာ နီးစပ်ရာဆွေမျိုး အိမ်တွေ မှာ နေထိုင်သူတွေရှိသလို ယာယီ တဲလေးတွေ ဆောက်ပြီး နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

ယမ်းကြိမ်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၃ ထောင်ကျော် ရှိတဲ့ ကျေးရွာဖြစ်ပြီး တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ကျေးရွာလည်း ဖြစ် ပါတယ်။

နာဂဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေက နေအိမ်ပျက်စီးသွားသူတွေ ကို အကူအညီတွေ ပေးနေပေမယ့် စားနပ်ရိက္ခာ လုံလောက်မှုမရှိဘူးလို့ ဦးလော်ယုံ က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ယမ်းကြိမ်းကျေးရွာဟာ သွားလာရခက်ခဲတဲ့ နေရာဖြစ်တာကြောင့် အကူအညီတွေ ရောက် ရှိနိုင်ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org