မြစ်ဆုံစီမံကိန်း ကန့်ကွက်သူများ ဆန်ထောက်ပံ့မှု ရပ်ဆိုင်းခံရ

ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင် အထည်ဖော်နေတဲ့ CPI ကုမ္ပဏီက သူတို့ ထောက်ပံ့နေတဲ့ မြစ်ဆုံစီမံကိန်းအနီး အောင်မြင်သာရွာ မိသားစုတွေထဲက မိသားစု ၂ စုကို မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့ဆိုပြီး ဆန်ရိက္ခာထောက်ပံ့မှုကို ဒီနေ့ ရပ်ဆိုင်းလိုက်ပါတယ်။

ဧရာဝတီမြစ်ကမ်းဘေး မြစ်ဆုံဒေသမှာ နိုင်ငံတကာ မြစ်ချောင်း များနေ့ အခမ်းအနားကျင်းပစဉ် photo: Kyaw Myo Min

ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်နေတဲ့ CPI ကုမ္ပဏီက သူတို့ ထောက်ပံ့နေတဲ့ မြစ်ဆုံစီမံကိန်း အနီး အောင်မြင်သာရွာ မိသားစုတွေထဲက မိသားစု ၂ စုကို မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့ဆိုပြီး ဆန်ရိက္ခာထောက်ပံ့မှုကို  ဒီနေ့ ရပ်ဆိုင်းလိုက်ပါတယ်။

မိသားစုနှစ်စု ဆန်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံလိုက် ရတာနဲ့ပတ်သက်ပြီး အောင်မြင်သာကျေးရွာ က ဒေသခံတစ်ဦးဖြစ်တဲ့ ဦးလရမ်က အခုလိုပြောပါတယ်။

"အိမ်ထောင်စုနှစ်စုပေါ့၊ သူတို့ကိုဖြတ်တောက်ထားတာ ဟုတ်တယ်၊ လမ်းလျှောက်တဲ့ အဖွဲ့တွေ၊ မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့အဖွဲ့တွေ ရောက်တဲ့အချိန်မှာ သူတို့က ကမကထလုပ်ပေးတဲ့အတွက်ကြောင့်မို့ သိပ်သဘောမကျဘူးနဲ့တူတယ်၊ အဲဒါကြောင့် အဲဒီမိသားစုနှစ်စု ကို ဖြတ်တောက်လိုက်တယ်"

မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ရွာသားတွေကို CPI ကုမ္ပဏီက ပြီးခဲ့တဲ့၂၀၁၀ခုနှစ်လောက်ကစပြီး ရွာသားတစ်ဦးကို တစ်လအတွက် ဆန်ခုနှစ်ပြည်ခွဲစီ ထောက်ပံ့နေတာလို့ သိရပါတယ်။

တန်ဖရဲ၊ မြစ်ဆုံ၊ လဖျဲ့ကထောင် စတဲ့ရွာတွေက ဒေသခံရွာသား နှစ်ထောင်ကျော်လောက် ဟာ အောင်မြင်သာကျေးရွာ မှာ ပြောင်းရွှေ့နေထိုင်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org