ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှု လူလေးဦးကို ဖမ်းဆီးထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး၊ တရား လွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး လူလေးဦးကို ဖမ်းဆီး ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာတယ်လို့ အမေရိကန်အခြေစိုက် နယူးယောက်တိုင်း သတင်းစာ က ဖော်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရ တဲ့အမှုနဲ့ ပတ်သက်ပြီး လူ လေးဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာတယ်လို့ အမေရိကန် အခြေစိုက် နယူးယောက်တိုင်း သတင်းစာက ဖော်ပြပါတယ်။

အဲဒီ လုပ်ကြံမှုကို နောက်ကွယ်က ကြိုးကိုင် စီစဉ်သူလို့ ယူဆရတဲ့ ဦးမြင့်ဆွေ ဆိုသူကို ထိုင်းနယ်စပ်က မြဝတီမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံခြားခရီးက ပြန်ရောက်လာခဲ့တဲ့ ဦးကိုနီကို ရန်ကုန်မင်္ဂလာဒုံလေဆိပ်က အထွက်မှာ အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သူ ဦးကြည်လင်းကိုတော့ အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ပြည်သူလူထု အကူအညီနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ နောက်ထပ်ဖမ်းဆီးခဲ့သူ နှစ်ဦးကိုတော့ မည်သူမည်ဝါတွေဆိုတာ ရဲတပ်ဖွဲ့က မဖော်ပြခဲ့ဘူးလို့ ဆိုပါတယ်။

ဦးကိုနီ ကို ဘာကြောင့်လုပ်ကြံသတ်ဖြတ်သလဲဆိုတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့လည်း အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်ငံတော် သမ္မတရုံးကတော့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုပျက်ပြားအောင် ရည်ရွယ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org