မြဝတီမြို့မှာ ခွင့်ပြုမိန့်မရှိတဲ့ တရုတ်ဆိုင်းဘုတ်တွေ စည်ပင်ဖြုတ်ချ
2019.09.20

မြဝတီမြို့မှာ စည်ပင်သာယာဌာနကို တင်ပြခြင်းမရှိဘဲ မိမိသဘောနဲ့ ရေးထားတဲ့ ဆိုင်ဆိုင်းဘုတ်တွေ၊ အထူးသဖြင့် တရုတ်စာသားပါတဲ့ ဆိုင်းဘုတ်တွေကို စည်ပင်သာယာက လိုက်လံစစ်ဆေးပြီး ဖြုတ်ချလိုက်ပါတယ်။
ခုလိုဆောင်ရွက်တာဟာ မြို့ထဲမှာ အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား အများအပြားရှိနေပြီး စက်တင်ဘာလ ၁၃ ရက်နေ့က မြို့အတွင်း တရုတ်နိုင်ငံသားတွေ မူးယစ်သောင်းကျန်းပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့အတွက် မြို့ခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ဒီပြဿနာဖြစ်ခဲ့ပြီးနောက် မြို့တွင်း နိုင်ငံခြားသားစောင်ကြည့်ရေးအဖွဲ့ဖွဲ့ခဲ့ပြီး အဖွဲ့က စာတင်တာကြောင့် မြို့နယ်စည်ပင်က ဆောင်ရွက်တာဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။