မြန်မာရေလုပ်သား ၁ဝ ဦး အိန္ဒိယက ပြန်ရောက်
2016.07.27
အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာရေလုပ်သား ၁ဝ ဦး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်ရောက်မှာဖြစ်ပါတယ်။ သူတို့ကို မြန်မာပြည် ပြန်လည်ခေါ်ယူဖို့အတွက် မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။
"ဒီရေလုပ်သားတွေ မြန်မာပြည်ကို ပြန်လို့ရအောင်ပေါ့၊ လာတာက ရေလမ်းကြောင်းကနေ ရောက်လာ တာ ပြန်ပို့တော့ လေယာဉ်စီးလို့ရအောင် စာရွက်စာတမ်းတွေ သွားထုတ်ပေးတာပေါ့"
အဲဒီ့ ရေလုပ်သား ၁ဝ ဦးကို မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့ပြီးနောက် ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်အမှတ် AI 227 နဲ့ ရန်ကုန်ကို ရောက်ရှိလာကြ မှာဖြစ်ပါတယ်။ သူတို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တာဝန်ရှိသူတွေက သွားရောက် ကြိုဆိုပြီးနောက် သက်ဆိုင်ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး ကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။