မြန်မာ့ရိုးရာသင်္ကြန်ကို ယူနက်စကိုအသိအမှတ်ပြုဖို့ တင်ပြထား

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ စစ်ကောင်စီက ကုလသမဂ္ဂ ယူနက်စကိုမှာ လျှောက်ထားတယ်လို့ တရုတ်သတင်းတစ်ပုဒ်မှာ ဒီနေ့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှ မြန်မာ့ရိုးရာသင်္ကြန်အား ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုဖို့ စစ်ကောင်စီက ကုလသမဂ္ဂ ယူနက်စကိုမှာ လျှောက်ထားတယ်လို့ တရုတ်သတင်းတစ်ပုဒ်မှာ ဒီနေ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လမှာ တင်ပြထားတာဖြစ်ပြီး ဒီနှစ်အကုန်မှာ ဆုံးဖြတ်ချက်ကျလာမယ်လို့ နေပြည်တော် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက တရုတ် ဆင်ဟွာသတင်းဌာနကို ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက မဟာဆုန်ကရန်လို့ခေါ်တဲ့ သင်္ကြန်ပွဲကိုတော့ ယူနက်စကိုက အသိအမှတ်ပြုထားပြီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ပွဲတော်ကို ဧပြီ ၁၁ ရက်ကနေ ၁၅ ရက်အထိ ငါးရက်သတ်မှတ်လိုက်ပြီး ဒီကာလအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အရင်နှစ်ထက် ၁၈ ရာခိုင်နှုန်း တိုးတက်အောင် ထိုင်းအစိုးရက မျှော်မှန်းပြင်ဆင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org