မြန်မာ သင်္ဘောသား ၂၂ ဦးကို ကယ်တင်နိုင်ခဲ့
ရုရှားနိုင်ငံအရှေ့ဘက် မုဆိုးပင်လယ်မှာ ဗုဒ္ဓဟူးနေ့ကနစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်း သင်္ဘောပေါ်က မြန်မာ အလုပ်သမား ၄၂ ဦးအနက် ၂၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ကျန် ၁ ဦးကတော့ သေဆုံး သွားပြီ လို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
-
2015-04-04 -
-
-
ရုရှားနိုင်ငံအရှေ့ဘက် မုဆိုးပင်လယ်မှာ ဗုဒ္ဓဟူးနေ့က နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်း သင်္ဘောပေါ်က မြန်မာ အလုပ်သမား ၄၂ ဦးအနက် ၂၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ၁၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ကျန် ၁ ဦးကတော့ သေဆုံးသွားပြီလို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီသင်္ဘောကို ကုမ္ပဏီက အာမခံထားခြင်းမရှိပေမဲ့ ရုရှားအလုပ်သမားဝန်ကြီးဌာနက သေဆုံးတဲ့ မြန်မာတွေ အတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၇ ထောင်ကျော်နဲ့ ညီမျှတဲ့ ရုရှားရူဗယ်ငွေ ၁ သန်းစီ ကရုဏာကြေးအဖြစ်ပေးမယ်လို့ ပြောပါတယ်။
အခုလိုဖြစ်ရပ်ဆိုးကြုံရတဲ့အတွက် ရုရှားဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေက ဝမ်းနည်းကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြသလို ရုရှား မြန်မာချစ်ကြည်ရေးအသင်းက လည်း မြန်မာလုပ်သားတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် မြန်မာသံရုံးကို မနေ့က ပေးပို့ခဲ့ပါတယ်။