မြန်မာ စာနယ်ဇင်း လွတ်လပ်ခွင့် ဝေဖန်ကြ

အမေရိကန် အောက်လွှတ်တော် Russell Senate ရုံးမှာ ၂ဝ၁၈ ခုနှစ် မေလ ၂၄ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ်
အမေရိကန် အောက်လွှတ်တော် Russell Senate ရုံးမှာ ၂ဝ၁၈ ခုနှစ် မေလ ၂၄ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ် (.)

မြန်မာနိုင်ငံမှာ သတင်းနဲ့စာနယ်ဇင်းလွတ်လပ်ခွင့် အန္တရာယ်ရှိနေပြီလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီနေ့ ပြောဆိုကြပါတယ်။

AI ခေါ်အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေး ကော်မတီ၊ PEN America နဲ့ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့တို့က အမေရိကန် အောက်လွှတ်တော် Russell Senate ရုံးမှာ ကြာသပတေးညနေက ကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောဆိုကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့-အမေရိကန်က Ms. Emily Welch က သတင်းစာ ပညာဆိုတာ ရာဇဝတ်မှုမဟုတ်ပါဘူး။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လို မတရားမှုတွေကို မီးမောင်းထိုးပြလို့ ဘေးအန္တ ရာယ်ရောက်နေတဲ့ ကမ္ဘာတလွှားက သတင်းထောက်တွေကို ဆက်ပြီးကာကွယ်နေရမယ်လို့ ပြောသွားတာပါ။

ဧရာဝတီသတင်းဌာနက သတင်းထောက် လဝီဝမ်ကလည်း အခုဆိုရင် ကျနော်တို့ ဘယ်အချိန်အရေးယူခံရမလဲ။ ဘယ်သူက ချောင်းရိုက်မလဲ၊ ဘယ်သူက ဒုက္ခပေးမလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် ကျနေ်ာတို့ သတင်းထောက်တွေ ရပ်တည်လုပ်ကိုင်ရတာ တော်တော်ခက်ခဲပါတယ်လို့ ပြောသွားတာပါ။

အခုလို အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ နှစ်ရှည်ထောင်ဒဏ်ကျခံရဖွယ်ရှိနေတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဘက်ကနေ အပြည့်အဝရပ်တည်ကြတယ်ဆိုတာ ဆက်ပြီးပြသကြမယ်လို့ PEN America အဖွဲ့က ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ Karin Karlekar ကပြောသွားပါတယ်။