မြန်မာနိုင်ငံ ထုတ်ကုန်ကဏ္ဍ တိုးတက်လာ
မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ (၇) လအတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ဂျပန်အခြေစိုက် Nikkei စီးပွားရေးမီဒီယာအဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI ညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
-
2019-01-02 -

၂ဝ၁၈ နိုဝင်ဘာလမှာ PMI ညွှန်းကိန်း ၅၁ ဒဿမ ၃ ရှိရာကနေ ဒီဇင်ဘာလမှာ ၅၂ ဒဿမ ၅ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂ဝ၁၈ မေလကစပြီး လုပ်ကိုင်မှုအခြေအနေ တိုးတက်လာသလို၊ ထုတ်လုပ်မှုနဲ့ ကုန်ဝယ်ယူမှု အသစ်တွေလည်း တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ မေလနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍ အတိုးတက်ဆုံးကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်လာတာကို ဒီဇင်ဘာလအထိ ဆက်တိုက်ကြုံတွေ့ခဲ့ရပေမယ့် ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ထုတ်ကုန်စရိတ်ကြီးမြင့်မှုကို ခုသာခံသာ ရှိစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PMI ညွန်းကိန်း ၅ဝ ကျော်ရှိတဲ့ နိုင်ငံတွေကို စီးပွားရေး တိုးတက်လာတယ်လို့ သတ်မှတ်ထားပြီး၊ ညွှန်းကိန်း ၅ဝ အောက်ဆိုရင် စီးပွားရေးကျဆင်းနေတယ်လို့ ကောက်ချက်ဆွဲနိုင်တာ ဖြစ်ပါတယ်။