မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၈၇ သန်းဖိုးရှိ

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဧပြီလကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၆ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းဖိုးရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ် Photo: defenceaviationpost.com

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဧပြီလကနေ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၆ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းဖိုးရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈- ၂၀၁၉ ခုနှစ် က စပြီး ဘဏ္ဍာရေးနှစ်ကို ဧပြီလ ကနေ မတ်လအထိအစား၊ အောက်တိုဘာလ ကနေ စက်တင်ဘာလ အထိ ပြောင်းလဲသတ်မှတ်ထားပါတယ်။ အဲဒီ အပြောင်းအလဲ ၆ လ တာ ကာလအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈၇ သန်းဖိုးရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် က ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ သန်းရှိခဲ့လို့၊ ဒီနှစ်မှာ ဒေါ်လာ ၅၄ သန်း ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဒီနှစ် ဧပြီလကနေ စက်တင်ဘာအထိ မြန်မာကနေ အိန္ဒိယကို နယ်စပ်ကနေ တင်ပို့မှုပမာဏ ဒေါ်လာ ၇၈ သန်းဖိုးရှိခဲ့ပြီး၊ အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး ပမာဏက ဒေါ်လာ ၉ သန်းဖိုးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org