နယ်စပ်ခြံစည်းရိုးကာမှု နာဂအဖွဲ့ ကန့်ကွက်

မြန်မာနဲ့ အိန္ဒိယနယ်စပ် နာဂပြည်နယ် အတွင်း နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးကာ မယ့် အစီအစဉ်ပတ်သက်ပြီး ညီညွတ်သော နာဂကောင်စီ UNC က ကန့်ကွက်တဲ့ပွဲကို နယ်စပ်မှာရှိတဲ့ နာဂမြေ ပန်ရှာရွာမှာ ကျင်းပပါတယ်။

မြန်မာနဲ့ အိန္ဒိယနယ်စပ် နာဂပြည်နယ်အတွင်း နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးကာမယ့် နေရာကို တွေ့ရစဉ် Photo:defenceaviationpost.com

မြန်မာနဲ့ အိန္ဒိယနယ်စပ် နာဂပြည်နယ်အတွင်း နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးကာမယ့် အစီအစဉ်ပတ်သက်ပြီး ညီညွတ်သောနာဂကောင်စီ UNC က ကန့်ကွက်တဲ့ပွဲကို နယ်စပ်မှာရှိတဲ့  နာဂမြေ ပန်ရှာရွာမှာ ကျင်းပပါတယ်။

UNC အဖွဲ့အတွင်းရေးမှူး S Milan က ဒီခြံစည်းရိုးကာတဲ့လုပ်ငန်းဟာ တရားမျှတမူမရှိဘူး နာဂတွေရဲ့ မွေးရာပါ အခွင့်အရေးကို ကန့်သတ်လိုက်တာလို့ဆိုပါတယ်။ နာဂမိသားစုတွေကို ခွဲခြားလိုက်တာ ဘိုးစဉ်ဘောင်ဆက် ရိုးရာဆက်သွယ်မှုတွေကို ပျက်ပြားသွားစေတယ် စသဖြင့်ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ညီညွတ်သောနာဂကောင်စီ UNC ကလည်း ခြံစည်းရိုးကာမယ့် အစီအစဉ်ဟာ နာဂတွေရဲ့ အခွင့်အရေးနဲ့ စည်းမျဉ်းတွေကို ချိုးဖေါက်တာဖြစ်တယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org