မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံမှု ခြောက်မိုင်နီးပါး ပြီးစီး

RFA Burmese
2025.01.02
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံမှု ခြောက်မိုင်နီးပါး ပြီးစီး စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်။
Citizen Photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာ ခြောက်မိုင်နီးပါး ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ပြီးမြောက်ခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ နှစ်ချုပ် အစီရင်ခံစာဖော်ပြချက်ကို ကိုးကားပြီး အခုလို ဖော်ပြတာပါ။ ဒီစီမံကိန်းက လုံခြုံရေးမြှင့်တင်ဖို့နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ- မြန်မာ နယ်နိမိတ်ဟာ မိုင်တစ်ထောင်ကျော် ရှည်လျားပြီး မဏိပူရ်ပြည်နယ်နဲ့ ၂၄၇ မိုင် ထိစပ်နေပါတယ်။ မဏိပူရ်အစိုးရဟာ လုံခြုံရေးကို အကြောင်းပြပြီး နယ်စပ်စည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းခဲ့တာ ဆိုပါတယ်။

မြန်မာနဲ့ ထိစပ်နေတဲ့ ပြည်နယ်လေးခုထဲက မဏိပူရ်နဲ့ အာရန်နာချယ်ပြည်နယ်တို့ကတော့ ခြံစည်းရိုးခတ်မှာကို ထောက်ခံကြပြီး ကျန်တဲ့ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ်တို့ကတော့ ကန့်ကွက်ထားကြပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။