အထည်ချုပ် တင်ပို့မှု ၆ လအတွင်း ဒေါ်လာ သန်းပေါင်း ၂၂ဝဝ ရှိ

ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လအတွင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေရဲ့ ထုတ်လုပ်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ ဝန်းကျင်ရှိခဲ့လို့ မနှစ်က အဲဒီကာလ အတွင်း ထုတ်လုပ်မှု တန်ဖိုးထက် ဒေါ်လာ ၁ ဘီလျံလောက် ပိုမိုရရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။

အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားတချို့ကို တွေ့ရစဉ် Photo: RFA

ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လအတွင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေရဲ့ ထုတ်လုပ်တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ ဝန်းကျင်ရှိခဲ့လို့ မနှစ်က အဲဒီကာလအတွင်း ထုတ်လုပ်မှု တန်ဖိုးထက် ဒေါ်လာ ၁ ဘီလျံလောက် ပိုမိုရရှိခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

ဒီနှစ်အတွင်း မြန်မာ့အထည်ချုပ် ထွက်ကုန်တွေကို အီးယူ ဥရောပနိုင်ငံတွေရဲ့ မှာယူမှုပမာဏ နှစ်ဆတိုး ခဲ့တယ်လို့လည်း သိရပါတယ်။ အီးယူဟာ မနှစ်က ဒေါ်လာ သန်း ၉၀ ဖိုးမှာယူခဲ့ပြီး၊ ဒီနှစ် ဒေါ်လာ သန်း၁၈၀ ဖိုး မှာယူထားတယ်လို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်းများအသင်းက ပြောပါတယ်။

အီးယူနဲ့ မြန်မာကြား ဆက်ဆံရေးအပြောင်းအလဲတွေရှိခဲ့ပေမဲ့၊ အထည်ချုပ်ဈေးကွက်မှာတော့ အလားအလာ ကောင်းတွေရှိနေတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org