နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ

RFA Burmese
2025.04.03
နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ မန္တလေးမြို့ မှာ ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် TULIP တည်းခိုခန်းမှ ရုပ်အလောင်းတစ်ခုအား ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့က သယ်ထုတ်လာကြစဉ်။
Myanmar Fire Services Department

Updated - 12:50 (PM)-April 3,2025

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၃ ရက် မနက် ၈ နာရီ အထိ သေဆုံးသူ ၃၀၈၅ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ကြေညာပါတယ်။

>နိုင်ငံတစ်ဝန်း ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄၇၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၄၁ ဦးအထိ ရှိတယ်လို့လည်းဆိုပါတယ်။

>ဒါ့အပြင် ဧပြီလ ၂ ရက်နေ့အထိစာရင်းအရ နိုင်ငံတစ်ဝန်း လူနေအိမ် ၂၁၇၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁၀၄၁ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၉၁၂ ကျောင်း၊ ဘုရားစေတီ ၁၆၉၀ ဆူ၊ အခြား ဘာသာရေး အဆောက်အဦ ၃၁၂ လုံးနဲ့ ဆေးရုံဆေးခန်း ၄၈ လုံးပျက်စီးခဲ့ရတယ်လို့လည်း ဧပြီလ ၃ ရက် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီး အချိန်တစ်ပတ်ခန့်ကြာလာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြရဆဲလည်းဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ ရှာဖွေရေးတွေမလုပ်နိုင်သေးတဲ့ နေရာတွေလည်း အများအပြားကျန်နေသေး တာကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ချက်ပါအရေအတွက်ထက် ပိုများနိုင်တယ်လို့ ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

(မှတ်ချက် - စစ်ကောင်စီ၏ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်ချက်ပါ အချက်အလက်များကို ပြန်လည်ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။