ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အားနှစ်ဆတိုး ဆောင်ရွက်ဖို့ အတိုင်ပင်ခံ တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အားနှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့နဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့တွေ အနေနဲ့ နည်းပညာ ဖြစ်စေ၊ ဘဏ္ဍာရေးနဲ့ တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိသုံးစွဲနိုင်အောင် စဉ်းစားပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

Development Effectiveness Roundtable ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပစဉ် Photo: Myanmar State Counsellor Office - facebook

ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အားနှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့နဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့တွေ အနေနဲ့ နည်းပညာ ဖြစ်စေ၊ ဘဏ္ဍာရေးနဲ့ တခြားလိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိသုံးစွဲနိုင်အောင် စဉ်းစားပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပခဲ့တဲ့ Development Effectiveness Roundtable မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေကို အရင်ကထက် ပိုပြီး လိုအပ်နေကြောင်း၊ စိုးရိမ်ပူပန်စရာကောင်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း အဲဒီစိန်ခေါ်မှုတွေ ပိုဖြစ်လာလေ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ပိုပြီးလိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့တွေကို ဘဏ္ဍာရေး အရင်းအမြစ်နဲ့ နည်းပညာ အကူအညီတွေအတွက်သာမကပဲ အားပေးလှုံ့ဆော်ပေးကြဖို့ ပြောခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို နိုင်ငံတကာက ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံပေါင်း ၈၀ ကျော်က တာဝန်ရှိသူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ UMFCCI တာဝန်ရှိသူတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org