ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လက်မှတ်ရေးထိုး

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို နှစ်လအတွင်း စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒုက္ခသည် ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာ နားလည်မှုစာချွန်လွှာရေးထိုးခဲ့စဉ် Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို နှစ်လအတွင်း စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီလက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ၁၉၉၂ ခုနှစ် ကြေညာချက်ကို အခြေခံ ရေးဆွဲထားကြောင်း၊ စိစစ်လက်ခံရာမှာ လိုက်နာဆောင်ရွက်ရမယ့် အထွေထွေမူဘောင်တွေနဲ့ မူဝါဒရေးရာ အစီအမံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကိစ္စနဲ့ပတ်သက်လို့ အိုအိုင်စီအဖွဲ့နဲ့ အနောက်နိုင်ငံတွေက နိုင်ငံတကာမှာ ဖိအားပေးပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင် စီတွေက ထုတ်ပြန်ချက်တွေချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ဆောင်ရွက်ခဲ့ပေမယ့် နှစ်နိုင်ငံချင်းပဲ ဖြေရှင်း သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒုက္ခသည် ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ နေပြည်တော်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြန်လာကြမယ့်သူတွေရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ပုံစံစာရွက်တွေ ဘင်္ဂလားဒေ့ရှ်အစိုးရထံကရရှိတာနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ စတင်ဖို့ အဆင်သင့်ပါပဲလို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတွေ တိုးတက်လာတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြန်လည်လက်ခံမယ့် ဒုက္ခသည် အရေအတွက်နဲ့ပတ်သက်လို့ မသိရသေးပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လှိုင် ကတော့ ဘင်္ဂလားဒေ့ရှ် အဆိုပြုတဲ့ အရေအတွက် အတိုင်း လက်ခံဖို့ မဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org