မြန်မာပယင်းထဲက နှစ် ၉၉ သန်းခန့်က ဖားရုပ်ကြွင်းတွေကို လေ့လာ

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပယင်းကျောက်ပြားထဲမှာ နှစ်ပေါင်း ၉၉ သန်းခန့်က ဖားရုပ်ကြွင်းတွေကို တွေ့ရှိရပြီး ဒီရုပ်ကြွင်းတွေကိုလေ့လာပြီး အဲဒီခေတ်က ဇီဝအဆင့်ဆင့်ပြောင်းမှုဖြစ်စဉ်ကို လေ့လာနိုင်ခဲ့ကြောင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ Nature ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ပယင်းတွေက ဖားရုပ်ကြွင်းတွေကို ပြသထားစဉ် Photo: the Nature - Magazine

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပယင်းကျောက်ပြားထဲမှာ နှစ်ပေါင်း ၉၉ သန်းခန့်က ဖားရုပ်ကြွင်းတွေကို တွေ့ရှိရပြီး ဒီရုပ်ကြွင်းတွေကိုလေ့လာပြီး အဲဒီခေတ်က ဇီဝအဆင့်ဆင့်ပြောင်းမှုဖြစ်စဉ်ကို လေ့လာနိုင်ခဲ့ကြောင်း ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ Nature ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီပယင်းကျောက်ထဲက ရုပ်ကြွင်းတွေကို စစ်ဆေးကြည့်ရှုခြင်းအားဖြင့် နှစ်သန်းပေါင်း ၉၉ သန်းက ဖားတွေဟာ တခြား သတ္တဝါတွေနဲ့မတူဘဲ ရေစပ်စပ်ရှိတဲ့ ဒေသတွေမှာသာ တချိန်လုံး ကြီးပြင်းပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

ဖားတွေ ကမ္ဘာပေါ်မှာ ဖြစ်တည်ကျက်စားလာဟာ လွန်ခဲ့တဲ့ နှစ် သန်း ၂ဝဝ ကတည်းကဖြစ်ပြီး အဆင့်ဆင့်ပြောင်းလဲ မှုဖြစ်စဉ်မှာ တခြားသတ္တဝါတွေလို ပတ်ဝန်းကျင် အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိပ္ပံပညာရှင်တွေက တွက်ဆထားပါတယ်။

ဒီသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီ၊ တရုတ်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် သဘာဝသမိုင်းပြတိုက်က ပညာရှင်တွေက လေ့လာခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org