စားနပ်ရိက္ခာတွေ တင်ဆောင်ပြီး မလေးရှားနိုင်ငံကနေ ထွက်ခွာလာမယ့် သင်္ဘောအုပ်စုကို မြန်မာအစိုးရက လက်ခံဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် ရိက္ခာတွေ ကူညီထောက်ပံ့မယ့် အဲဒီသင်္ဘောအုပ်စု ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ခရီးစဉ်စတင်မယ်လို့ မလေးရှား မွတ်ဆလင် အန်ဂျီအိုအဖွဲ့တွေက ပြောထားပါတယ်။
မြန်မာအစိုးရအနေနဲ့ မလေးရှားသင်္ဘောအုပ်စုကို နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေအရ ရခိုင်ပြည်နယ်ကို သွားရောက်ထောက်ပံ့ခွင့်ပြုမှာ မဟုတ်ပေမယ့် ရန်ကုန်ဆိပ်ကမ်းမှာပဲ ရိက္ခာတွေချထားခွင့်ပေးဖို့ နှုတ်အားဖြင့် သဘောတူညီလိုက်တာလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က ပြောကြားလိုက်တာပါ။
အဲဒီသင်္ဘောပေါ်မှာ စားနပ်ရိက္ခာ တန်ချိန် ၁၀၀၀ တင်ဆောင်လာမယ်လို့လည်း မလေးရှား မွတ်ဆလင် အဖွဲ့အစည်းတွေက ပြောပါတယ်။