အင်္ဂလိပ်စာသင်ပြရေး ကမ္ဘာမှာ မြန်မာအကောင်းဆုံးလို့ သတ်မှတ်ထုတ်ပြန်

အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကား အဖြစ် သင်ပြရေးလုပ်ငန်းမှာ မြန်မာနိုင်ငံ ဟာ သွားရောက်လုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ TEFL ခေါ် ဗြိတိန်အခြေစိုက် နိုင်ငံတကာ အင်္ဂလိပ်ဘာသာ သင်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အင်္ဂလိပ်ဘာသာကို ဒုတိယဘာသာစကားအဖြစ် သင်ပြရေးလုပ်ငန်းမှာ မြန်မာနိုင်ငံဟာ သွားရောက်လုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ TEFL ခေါ် ဗြိတိန်အခြေစိုက် နိုင်ငံတကာ အင်္ဂလိပ်ဘာသာသင်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

TEFL က ထုတ်ပြန်ခဲ့တဲ့ အင်္ဂလိပ်ဘာသာ သင်တန်းတွေ သွားရောက်ဖွင့်လှစ်ဖို့ အကောင်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ မြန်မာက ပထမဆုံးနေရာမှာ ရှိနေတာပါ။

TEFL ရဲ့ အဆင့်သတ်မှတ်ပုံမှာ ဆိုင်ရာနိုင်ငံတွေရဲ့ ပြည်သူတွေ၊ ယဉ်ကျေးမှု၊ အာရုံတိမ်းညွတ်မှု စတဲ့ အချက်တွေပေါ် မူတည်ပြီး သတ်မှတ်တယ်လို့ သိရပါတယ်။

စာရင်းအရ မြန်မာပြီးရင် ဗီယက်နမ်က ဒုတိယ၊ နီကာရာဂွာ က တတိယဖြစ်ပြီး၊ နီပေါ၊ ဘရာဇီး၊ မာဒါဂက်စကာ၊ ချီလီ၊ အာရပ်စော်ဘွားများနိုင်ငံ UAE၊ ချက်သမ္မတနိုင်ငံနဲ့ ဖိလစ်ပိုင်တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်သင်ပြမယ့် ဆရာဆရာမတွေဟာ တက္ကသိုလ်ဘွဲ့တစ်ခုနဲ့ အင်္ဂလိပ်စာသင်ပြနည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရှိရမှာဖြစ်ပြီး၊ လစာဝင်ငွေအားဖြင့် တစ်လကို အမေရိကန်ဒေါ်လာ ၁၂၀၀ ကနေ ၂၀၀၀ အထိ ရရှိနေကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org