နယ်စပ်မျဉ်းမှာနေထိုင်သူတွေကို ဘင်္ဂလားဒေ့ရှ် ထောက်ပံ့ မှု နှစ်နိုင်ငံသဘောတူညီချက်ကို မချိုးဖောက်


2018.08.30
muslim-camp-border-622.JPG မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနားမှာ နေထိုင်သူတွေကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတာဟာ နှစ်နိုင်ငံသဘောတူညီချက်ကို ချိုးဖောက်ရာမရောက်ကြောင်း UEHRD ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်တွေကို အကူအညီထောက်ပံ့ပေးနေတာဟာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ပါသလားလို့ RFA က ဆက်သွယ်မေးမြန်းရာမှာ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

“မဟုတ်ဘူး။ မဟုတ်ဘူး။ သဘောတူညီချက်က အခုမှ။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်ဘက်က ပေးနေတာ မှန်တယ်။ အခုဟာက သဘောတူညီချက်က လုပ်ထားပြီးပြီ။ အကောင်ထည်ဖော်မယ့်ဟာပဲ။ အကောင် အထည်ဖော်နေပြီလားတော့မသိဘူး။ အဲဒါကတော့ ဒီဘက်ကပေးဖို့ လုပ်ထားပြီးပြီဗျ။ အခုအခြေ အနေပါ။ နှစ်နိုင်ငံဝန်ကြီးအဆင့်တွေ တွေ့ပြီးမှ ဖြစ်တာပါ။”

သြဂုတ်လ ဒုတိယအပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နယ်စပ်မျဉ်းမှာ နေထိုင်နေကြသူတွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း နယ်စပ်မျဉ်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ ပြန်လည်နေ ရာချထားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်မယ့်အချက် တစ်ခုအဖြစ် အဲဒီဒုက္ခသည်တွေ ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ပူးပေါင်းပြီး မြန်မာအစိုးရဘက်ကသာ အကူအညီပေးဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘီနာသတင်းဌာနက မနေ့က ထုတ်ပြန်တဲ့သတင်းမှာ နှစ်နိုင်ငံနယ်စပ်မျဉ်း မှာ နေထိုင်ကြသူတွေကို အစားအစာနဲ့ အကူအညီထောက်ပံ့မပေးဖို့ မြန်မာအစိုးရက ပြောထားတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဥပက္ခာပြုပြီး ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။