မော်လမြိုင်တက္ကသိုလ် အသိပညာပေးဟောပြောပွဲ ကျင်းပရေး ပြေလည်မှုရရှိ

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ကျင်းပမယ့် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာပေးဟောပြောပွဲကို ဒုတိယပါမောက္ခချုပ်က တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျောင်း သားတွေနဲ့ ပါမောက္ခချုပ် တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရရှိသွားခဲ့ပါတယ်။

Mawlamyine University Environmental Club (MUEC) အဖွဲ့ဝင်တွေ ၂၀၁၈ ဇွန်လ ၂၉ ရက်နေ့က မော်လမြိုင်တက္ကသိုလ် သမဂ္ဂရုံးမှာ ဆွေးနွေးနေကြစဉ် .

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ကျင်းပမယ့် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာပေးဟောပြောပွဲကို ဒုတိယပါမောက္ခချုပ်က တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ကျောင်း သားတွေနဲ့ ပါမောက္ခချုပ် တွေ့ဆုံညှိနှိုင်းပြီး ပြေလည်မှုရရှိသွားခဲ့ပါတယ်။

ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်မှာ အဲဒီပွဲကို ခွင့်မပြုနိုင်ကြောင်း ပြောတာကြောင့် ကျောင်းသားတွေဘက်က ဆန္ဒပြဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ ပါမောက္ခချုပ်နဲ့ တွေ့ဆုံညှိုနှိုင်းခဲ့ပြီနောက် ပြေလည်မှုရရှိသွားပြီလို့ ပွဲဦးဆောင်ကျင်းပမယ့် ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်ဦး က ပြောပါတယ်။

"ဒုတိယပါမောက္ခက ဒီအဖွဲ့က အချက်အလက်မပြည့်စုံဘူးဆိုပြီး ဒီအဖွဲ့က ဒီပွဲလုပ်တာကို ခွင့်မပြုနိုင်ဘူး လို့ ပထမအကြိမ်ကပြောခဲ့ပြီး ဒီနေ ဆန္ဒမပြခင် ၉ နာရီလောက် ကျနော်တို့ ပါမောက္ခချုပ် ဆရာမကြီး သွားတွေ့ခဲ့ကြတယ်၊ တွေ့ကြတော့ ဆရာမကြီးနဲ့ အပြန်အလှန်ဆွေးနွေးပြီး အဆင်ပြေသွားတယ်"

မြန်မာနိုင်ငံရဲ့ ရာသီဥတုအပြောင်းလဲမှုနဲ့ မွန်ပြည်နယ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲတွေကို သိရှိနိုင်ဖို့ ကျောင်းသားတွေ၊ ဆရာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြသူတွေပါဝင်တဲ့ မော်လမြိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသင်း MUEC က လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ဟောပြောပွဲပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲကျင်းပဖို့အတွက် ကျောင်းသားတွေက ဒုတိယပါမောက္ခချုပ်ကို ခွင့်တောင်းခဲ့ပေမယ့် အဲဒီ MUEC အဖွဲ့ကို အသိအမှတ်မပြုနိုင်ကြောင်းနဲ့ သူတို့ပြုလုပ်မယ့်ပွဲကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောတာကြောင့် ကျောင်း သားတွေက ဒီနေ့မနက်ပိုင်းက ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲ မစမီ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေကို ခေါ်ယူညှိနှိုင်းခဲ့တဲ့ အတွက် ပြေလည်မှုရသွားပြီး ဟောပြောပွဲရက်ကိုတော့ ရွှေ့ဆိုင်းလိုက်တယ်လို့ ဦးဆောင်တဲ့ ကျောင်းသားတွေ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org