MTV Exit ရဲ့ ဖျော်ဖြေပွဲ ရန်ကုန်မှာ ကျင်းပ
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိက ထား ဆောင်ရွက်နေတဲ့ MTV Exit နဲ့ အခြားသော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့၊ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
-
2012-12-16 -
-
-
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို တားဆီးကာကွယ်တဲ့နေရာမှာ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်စေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး၊မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်က လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးကိစ္စကို အမေရိကန် နိုင်ငံက အစဉ်အမြဲ အကူအညီပေးနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖျော်ဖြေပွဲကို နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဂရမ်မီဆုရှင် Jason Mraz၊ ထိုင်းနိုင်ငံက နာမည်ကျော် တေးဂီးတအဖွဲ့ဖြစ်တဲ့ Slot Machine၊MTVExit ရဲ့ သံတမန်တွေ ဖြစ်ကြတဲ့ အဆိုတော် Rဇာနည်နဲ့ ဖြူဖြူကျော်သိန်း၊သြစတေးလျ အခြေစိုက် Walk Free အဖွဲ့ရဲ့ သံတမန် အဆိုတော် ဖြိုးကြီးတို့ အပြင် အဆိုတော် လင်းလင်း၊စိုင်းစိုင်းခမ်းလှိုင်နဲ့ချစ်သုဝေတို့ကလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
MTV Exit ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ရန်ကုန်မြို့ခံ ငါးသောင်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။