ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရှေ့လ မဖြစ်နိုင်လို့ အမတ်များ ပြောဆို
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လာမယ့် မေလအတွင်းမှာ ကျင်းပနိုင် မယ်လို့ ပြောကြားထားပေမဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က မဖြစ်နိုင်တော့ဘူးလို့ ယူဆနေကြကြောင်း ပြောကြ ပါတယ်။
-
2015-04-20 -
-
-
Your browser doesn’t support HTML5 audio
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လာမယ့် မေလအတွင်းမှာ ကျင်းပနိုင်မယ်လို့ ပြောကြားထားပေမဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က မဖြစ်နိုင်တော့ဘူးလို့ ယူဆနေကြကြောင်း ပြောကြပါတယ်။
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ဒေါက်တာအေးမောင် တို့ရဲ့ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ခြောက်ပွင့် ဆိုင်ဆွေးနွေးမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အဖြေမရသေးတဲ့အတွက် လာမယ့် မေလအတွင်းမှာတော့ မဖြစ်နိုင်သေးဘူးလို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။
"လက်ရှိသွားနေတဲ့နှုန်းအရ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုက မည်သည့်အဖြေမှ မရသေးတဲ့ အနေအထားကို သုံးသပ်မယ်ဆိုရင် ဒုတိယတစ်ကြိမ်တွေ့ဆုံရမယ့် ကာလာကလည်းပဲ မေလ အလယ်ပေါ့နော် ၁၁ ကနေ ၁၇ ကြား ဖြစ်သွားတဲ့သဘောတွေကို သုံးသပ်မယ်ဆိုရင် ကျနော်တို့ မေလအတွင်းမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ က ဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားကို တွေ့ရှိရပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး မူကြမ်းကော်မတီကို ဖွဲ့စည်းပြီး တွေ့ရှိချက်တွေကို ပြင်ဆင်ရေး ဥပဒေမူကြမ်းအဖြစ် ရေးဆွဲခဲ့ပါတယ်။
အဲဒီဥပဒေမူကြမ်းကို လာမယ့် မေလ ပထမအပတ်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် လူထုဆန္ဒခံယူပွဲကျင်းပဖို့ လိုအပ်မယ်ဆိုရင် မေလ အတွင်းမှာ ကျင်းပနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။