ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ဒေသမှာ သြဂုတ်လအတွင်း တိုက်ပွဲအကြိမ်ရေ (၁၃၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁၈ ဦးသေဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ (၅) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီစာရင်းတွေဟာ စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြတ်သန်းသွားရာ လမ်းတလျှောက်က ကျေးရွာတွေမှာရှိတဲ့ အရပ် သားတွေရဲ့ မျက်မြင်တွေ့ရှိချက်တွေကို အခြေခံပြီး ပြုစုထားတာဖြစ်လို့ ယုံကြည်စိတ်ချလို့ရကြောင်း တပ်မ ဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို က RFA ကို ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း KNLA တပ်မဟာ (၅) ဘက်က တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံး ခဲ့တာ မရှိကြောင်းနဲ့ ဒါဟာ KNLA အနေနဲ့ ပြောက်ကျားစစ်ကို အသုံးပြုခဲ့တာကြောင့်ဖြစ်တယ်လို့ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။
KNLA တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီဘက်က ကျူးကျော်ထားတဲ့တပ်စခန်းတွေကို ပစ်မှတ် ထားပြီး တိုက်ခိုက်မှုတွေ လာမယ့်ကာလတွေမှာ ဆက်ဖြစ်လာဖို့ရှိတယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို က ပြောပါတယ်။
၁၉၇၅ ခုနှစ်နောက်ပိုင်း KNLA တပ်မဟာ (၅) ဒေသမှာ စစ်ကောင်စီဘက်က စခန်းပေါင်း ၇၀ ဝန်းကျင် ကျူးကျော်ဆောက်လုပ်ထားပြီး ဒီစခန်းတွေကို ပြန်ရုတ်သိမ်းပေးဖို့ KNU ဘက်က စစ်ကောင်စီခေါင်းဆောင် တွေကို တောင်းဆိုထားပါတယ်။