တိုက်ပွဲတွေရပ်ဆိုင်းဖို့ စစ်တွေမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြ

တိုက်ပွဲအမြန်ဆုံးရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် စစ်တွေမြို့မှာ ၂၀၁၉ မတ်လ ၂၈ ရက်နေ့က ဆရာတော် ဦးစက္ကိန္ဒ လမ်းလျှောက်ဆန္ဒပြစဉ်
တိုက်ပွဲအမြန်ဆုံးရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် စစ်တွေမြို့မှာ ၂၀၁၉ မတ်လ ၂၈ ရက်နေ့က ဆရာတော် ဦးစက္ကိန္ဒ လမ်းလျှောက်ဆန္ဒပြစဉ် (Photo: Min Thein Aung/RFA)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးစက္ကိန္ဒဟာ ဒေသတွင်းတိုက်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး တောင်းဆိုပြီး ဒီနေ့မနက် ၉ နာရီက လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ တိုက်ပွဲကာလအတွင်း အရပ်သားတွေ ထိခိုက်မှုများလာနေ တဲ့အတွက် ဒီလှုပ်ရှားမှုကို လုပ်ဆောင်တာလို့ ဦးစက္ကိန္ဒ က RFA ကိုမိန့်ပါတယ်။

ဦးစက္ကိန္ဒဟာ စစ်တွေမြို့ ဘုရားကြီးကနေ ဦးဥတ္တမပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။ ဦးစက္ကိန္ဒဟာ ရခိုင်ဒေသငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြတဲ့လှုပ်ရှားမှုကို မကြာခဏဆောင် ရွက်နေတဲ့ သံဃာတော်တစ်ပါးဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။