ရဲအုပ် ၁ ဦး အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရ
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းက ရဲအုပ်တစ်ဦးကို အဂတိလိုက်စားမှုနဲ့ ပြည် နယ်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
-
2017-01-26 -
-
-
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းက ရဲအုပ်တစ်ဦးကို အဂတိလိုက်စားမှုနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာမှာ အဂတိလိုက်စားတာတွေ့ရတဲ့အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူစစ်ဆေးနေတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးက ပြောပါတယ်။
"ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရပေါ့။ လောလောဆယ်တော့ သူ့ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူထားပြီတော့ အခုသူ့ကို သက်ဆိုင်ရာ မွန်ပြည်နယ် ရဲတပ်ဖွဲ့အစီအစဉ်နဲ့ပဲ သူ့ကို စစ်ဆေးလျက်ရှိပါတယ်"
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရေးမြို့နယ် အဘော်ကျေးရွာမှာ အလုပ်သမားတစ်ယောက် ကားပေါ်ကားပြုတ်ကျတဲ့အမှုမှာ တရားစွဲဆိုခံရတဲ့ အလုပ်ရှင်ဆီကနေ ရဲအုပ် ကျော်သက်ခိုင်က ငွေကျပ်သုံးသိန်း တောင်းခံခဲ့သလို ရိုင်းစိုင်း စွာပြောဆိုတာကြောင့် အလုပ်ရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး အဂတိလာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာမှာ အဂတိလိုက်စား တာတွေ့ရတာကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတာဖြစ်ပါတယ်။