ရာဘာစက်ရုံတွေကို သဘာဝပတ်ဝန်းကျင်ကိစ္စ မွန်ဝန်ကြီးချုပ် သတိပေး


2017.09.08
dr-ayezan-622.jpeg မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်မှာရှိတဲ့ ရာဘာစက်ရုံတွေ အစိုးရက သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် EMP အတိုင်း လိုက်နာဆောင်ရွက်မှုမရှိရင် ချိုးဖေါက်တဲ့ စက်ရုံတွေကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

ဒီနေ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂ ီမော်က ရာဘာစက်ရုံတွေကို ခရီးသွားပြည်သူတွေနဲ့ ကင်းလွှတ်ရာနဲ့ လူနေရပ်ကွက်တွေနဲ့ ဝေးရာကို ပြောင်းရွှေ့ပေးဖု့ိ အဆိုတင်သွင်းတဲ့အပေါ် ဝန်ကြီးချုပ် က ပြန်လည်ဆွေးနွေးရာမှာ အဲဒီလို ထည့်သွင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

လက်ရှိစက်ရုံတွေအပြင် နောက်ထပ် ဆောက်လုပ်မယ့်စက်ရုံတွေ ကိုပါ EMP မရှိရင် ပိတ်သိမ်းမှာဖြစ်ပြီး လိုက်နာဆောင်ရွက်ကြတဲ့ စက်ရုံတွေကိုသာ လည်ပတ်ခွင့်ပေးမယ်လို့  ဒေါက်တာအေးဇံက ပြောပါတယ်။

မွန်ပြည်နယ်မှာ လက်ရှိရာဘာထုတ်လုပ်နေတဲ့ စက်ရုံ ၁၃ ရုံရှိပြီး နောက်ထပ်လည်း ရာဘာစက်ရုံ ၄၀၀ လောက်ဆောက်လုပ်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

လက်ရှိစက်ရုံတွေဟာ ဆာလဗျူရစ်အက်စစ်နဲ့ထုတ်လုပ်တဲ့ အရွယ်အစားကြီးတဲ့ ရာဘာပြားတွေပဲ ထုတ်လုပ်နေ တာဖြစ်ပေမယ့် နောင်လာမယ့် ရာဘာစက်ရုံတွေဟာ နံပါတ်တစ် ရောင်းတမ်းဝင်ရာဘာတွေကိုပဲ ထုတ်လုပ်ရာ မှာဖြစ်ပြီး ပြည်နယ်အစိုးရကလည်း ငွေကြေးကူညီတာတွေပြုလုပ်သွားမယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅သိန်းကျော်ရှိပြီး ၃သိန်းကျော်ဟာ ရာဘာထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။