ကတိပျက်ကွက်တဲ့ ကုမ္ပဏီကို စိစစ်ပေးဖို့ မွန်လွှတ်တော် အတည်ပြု
မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်းကို တိုးချဲ့ဖောက်လုပ်တဲ့ စုန်ရေကုမ္ပဏီဟာ ပြီး ခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ဒုတိယအကြိမ် ပြည် နယ်လွှတ်တော်အနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ အတည်ပြုလိုက်ပါတယ်။
-
2016-03-29 -
-
-
မွန်ပြည်နယ် မော်လမြိုင်ကမ်းနားလမ်းကို တိုးချဲ့ဖောက်လုပ်တဲ့ စုန်ရေကုမ္ပဏီဟာ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း အတွင်း ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီနေ့ အတည်ပြုလိုက်ပါတယ်။
စုန်ရေကုမ္ပဏီအနေနဲ့ ငွေကျပ်သိန်းပေါင်း ၂သောင်းခွဲနဲ့ မြေ တစ်ဧကခွဲကို ပြည်နယ်အစိုးရထံပေးအပ်ဖို့ ကတိပြုထားပေမယ့် ကတိပြုချက်အတိုင်း မလိုက်နာတဲ့အတွက် ပြန်လည်စစ်ဆေးပေးဖို့ ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က အရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။
မော်လမြိုင် ကမ်းနားလမ်းတိုးချဲ့တဲ့ စီမံကိန်းကို ပြီးခဲ့တဲ့ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုပေးခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က စုန်ရေကုမ္ပဏီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကနေ ရရှိလာတဲ့ အကျိုးအမြတ်ကနေ မွန်ပြည်နယ် စည်ပင်ကော်မတီကို ငွေကျပ်သိန်းပေါင်း ၂သောင်းခွဲနဲ့ မြေတစ်ဧက ခွဲကို ပေးအပ်ဖို့ သဘောတူထားတာဖြစ်ပါတယ်။
ကုမ္မဏီက လုပ်ငန်းအဆင်မပြေမှုတွေကို အကြောင်းပြပြီး ကတိပြုထားတဲ့အတိုင်း မပေးအပ်ဘဲ ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲနဲ့ မြေတစ်ဧကနီးပါးကိုသာ ပြည်နယ်အစိုးရအဖွဲ့ထံ ပေးသွင်းခဲ့ပါတယ်။
ပေ ၄၃၀၀ ကျော်ရှည်လျားတဲ့ ကမ်းနားလမ်းတိုးချဲ့တဲ့ စီမံကိန်းကို စုန်ရေကုမ္မဏီက သိန်းပေါင်း ၆ သောင်းကျော် အကုန်ကျခံဖောက်လုပ်တာဖြစ်ပြီး လမ်းဖောက်လုပ်ရာမှာ ထွက်ရှိလာမယ့် မြေ ၂၁ ဧကကို ကုမ္ပဏီက ရရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။