ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာက ရာအိမ်မှူးဟောင်း ဖွေယာ ဇူဟောက် ဆိုသူကို ဇန်နဝါရီလ ၁၄ ရက်ညမှာ လူတချို့က အဓမ္မလာရောက်ခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ၁၅ ရက်နေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
အဲဒီ ဖွေယာဆိုသူရဲ့ပြောဆိုချက်အရ ၁၄ ရက်နေ့ည ၁၁ နာရီမှာ သူ့ကို ဘောင်းဘီနက်ဝတ်ထားတဲ့ မွတ်စလင် ၄ ဦးက လာခေါ်သွားခဲ့ကြောင်း၊ အဲဒီနောက် ကျွန်းပေါက်ပြုစု မြောက်ရွာအဝင်မှာ မျက်နှာကို အဝတ်စီးပြီး အိမ်တလုံး ကိုခေါ်ဆောင်သွားကာ လူ ၁ဝ ဦးခန့်က ထိုးနှက်ကန်ကျောက်ခဲ့ကြကြောင်း၊ အဲဒီလူတွေက သူ့ကိုအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သတင်းပေးနေတဲ့အတွက် အပြစ်ပေးတာဖြစ်တယ်လို့ ပြောဆိုကြောင်းနဲ့ ၁၅ ရက်နေ့ညဦးပိုင်းမှာ ပြန် လွှတ်ပေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဘူးသီးတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စီးနင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူ ၂ ဦးကို မနေ့က ဖမ်းဆီးမိခဲ့တယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အဲဒီလူတွေကတော့ ကျေးနုတ် သီးရွာက ဂျမား ဟူဆင်နဲ့ ရာဟတ် ဆိုသူတွေဖြစ်တယ်လို့ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။