မြန်မာ မယ်စကြာဝဠာ ရွေးချယ်
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မယ်စကြာဝဠာ ပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆည်းပူးခဲ့သူ အမျိုးသမီးတစ်ဦးကို အပြီးသတ်ရွေးချယ် လိုက်ပြီလို့ သိရပါတယ်။
-
2013-10-04 -
-
-
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မယ်စကြာဝဠာ ပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုမှာ ပညာဆည်းပူးခဲ့သူ အမျိုးသမီးတစ်ဦးကို အပြီးသတ်ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
ဆန်ခါတင် ရွေးချယ်ခံရတဲ့ အသက် ၂၅ နှစ်အရွယ် မမိုးစက်ဝိုင်ဟာ အမေရိကန်ပြည်ထောင်စု California Lutheran တက္ကသိုလ်က ဈေးကွက်စီးပွားရေးပညာ ဘီအေဘွဲ့ရရှိထားသူဖြစ်ပြီး၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ လာမယ့် နိုဝင်ဘာ ၉ ရက်နေ့ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကိုယ်စားပြုအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကို ၁၉၆၁ ခုနှစ်က နောက်ဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဆလ၊ နဝတနဲ့ နအဖ စစ်အစိုးရ အဆက်ဆက်လက်ထက်မှာ နှစ် ၅ဝ လောက် ယှဉ်ပြိုင်မှုရပ်နားသွားခဲ့ရတာ ဖြစ်ပါတယ်။