ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

2013.01.02
min-ko-naing-ko-ko-gyi-b305 ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ယာ)နှင့် ကိုကိုကြီး (ဝဲ)တို့ဖြစ်ပါသည်။
Photo:88 Generation Student Face book

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်"

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လ့ို စုံစမ်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။