မင်းကိုနိုင်ကို မြို့ရွာတိုင်းက ကြိုဆို
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ သရက်ထောင်ကနေ ဇန်နဝါရီ ၁၃ ရက်နေ့မှာ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ရန်ကုန်အပြန် လမ်းတလျှောက် မြို့ရွာတိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
-
2012-01-14 -
-
-
Your browser doesn’t support HTML5 audio
ဒီကနေ့ နေ့လည်ပိုင်း သာယာဝတီမြို့ အရောက်မှာ မြို့နေလူထုက`ကိုမင်းကိုနိုင် အသက်ရာကျော် ရှည်ပါစေ’ လို့ အားရဝမ်းသာ အော်ဟစ်ကြိုဆိုခဲ့ကြပြီး ဒါဟာ ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ကြောင်း ကိုမင်းကိုနိုင်ကို သွားရောက်ကြိုဆိုသူ အမျိုးသမီးတဦးက RFA ကို ပြောပါတယ်။
ကိုမင်းကိုနိုင်ဟာ ဒီကနေ့ညမှာ ရန်ကုန်မြို့နေအိမ်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။
မုံရွာထောင်က မနေ့က ပြန်လည် လွတ်မြောက်လာသူ ၂ဝဝ၇ မျိုးဆက် ဗကသ အဖွဲ့ဝင် ကိုဒီငြိမ်းလင်းက လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံ ထုတ်ပြန်ပေးဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။
အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအောင်သူကလည်း အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း အမှန်တကယ် သွားဖို့ ရည်ရွယ်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဝေါဟာရကို ပထမဦးဆုံး လက်ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မနေ့က တောင်ကြီးထောင်ကနေ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုလည်း ပါဝင်ပါတယ်။
ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်ထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |