ပြည်တွင်းမှာ နိုင်ငံခြားငွေကြေးမသုံးစွဲဖို့ စစ်ကောင်စီဌာနတွေကို ဗဟိုဘဏ် ညွှန်ကြား

ပြည်တွင်းကုန်ပစ္စည်း ဝယ်ယူမှု၊ ရောင်းချမှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နိုင်ငံခြားငွေကြေး မသုံးစွဲဘဲ မြန်မာငွေကြေးကိုသာ သုံးစွဲဖို့ ဗဟိုဘဏ်က စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေ အပါအဝင် ဌာန ဆိုင်ရာအဆင့်ဆင့်ကို မေလ ၂၅ ရက် မနေ့က ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ရေတွက်နေသူတစ်ဦးကို တွေ့ရစဥ် AFP Photo

ပြည်တွင်းကုန်ပစ္စည်း ဝယ်ယူမှု၊ ရောင်းချမှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နိုင်ငံခြားငွေကြေး မသုံးစွဲဘဲ မြန်မာငွေကြေးကိုသာ သုံးစွဲဖို့ ဗဟိုဘဏ်က စစ်ကောင်စီရဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနတွေ အပါအဝင် ဌာန ဆိုင်ရာအဆင့်ဆင့်ကို မေလ ၂၅ ရက် မနေ့က ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနတွေအောက်က လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကလည်း မြေငှား ရမ်းတာ၊ အာမခံလုပ်ငန်းအတွက် မတည်ရင်းနှီးငွေ ထည့်ဝင်တာနဲ့ ဖက်စပ်လုပ်ငန်းတွေ ကနေ ဝင်ငွေရရှိမှုတွေမှာ နိုင်ငံခြားငွေနဲ့ လက်ခံဆောင်ရွက်နေတာရှိတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်း ကုန်ပစ္စည်းဝယ်ယူမှု၊ ရောင်းချမှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကျပ်ငွေအစား နိုင်ငံခြားငွေကြေး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲတာဟာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မား လာတဲ့အပြင် နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ် ဖြစ်စေတဲ့အတွက် အခုလို တားမြစ်တာလို့ ဆိုပါတယ်။

စီးပွားရေးဆောင်းပါးရှင် ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) ကတော့ အခုလို ညွှန်ကြားတာဟာ နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်မှုကို ထိန်းသိမ်းနိုင်ခြေရှိသလို အမေရိကန်ဒေါ်လာ လိုအပ်ချက်ကိုလည်း လျှော့ချနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

လက်ရှိမှာ ဟိုတယ်၊ စားသောက်ဆိုင်အချို့ ပြည်တွင်းမှာလာဖွင့်နေတဲ့ နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမှု ကျောင်းတွေ၊ နိုင်ငံခြားသားတွေကို ပြည်တွင်းမှာ နေရာထိုင်ခင်းငှားရမ်းမှုတွေနဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေမှာ ကျပ်ငွေအစား အမေရိကန်ဒေါ်လာနဲ့ ပေးချေနေ တယ်လို့လည်း ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ အခု ဗဟိုဘဏ်ညွှန်ကြားချက်ကတော့ နိုင်ငံခြားငွေကြေးအစား မြန်မာငွေပဲသုံးစွဲဖို့ စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကိုပဲ သီးခြားညွှန်ကြားထား တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org