ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီကိစ္စ တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးမှာမဟုတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီက တင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးမှာ မဟုတ်တော့ဘူးလို့ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် က RFA ကို ဒီနေ့ ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ကို ၂၀၁၉ ဇန်နဝါရီ ၃၁ ရက်နေ့ကတွေ့ရစဉ် Photo: Win Ko Ko Latt/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီက တင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးမှာ မဟုတ်တော့ဘူးလို့ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် က  RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ထံကို ပေးပို့ထားတယ်လို့လည်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

အဲဒီအရေးကြီးအဆိုဟာ လုပ်ထုံးလုပ်ထုံးနည်းမညီသလို ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့ မညီဘူးဆိုပြီး တပ်မတော်သားတွေက ကန့်ကွက်ခဲ့တဲ့အပြင် မဲမပေးပဲ ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအဆိုနဲ့ ပတ်သက်လို့ နောက်ထပ်ဘာတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုတာကတော့ မပြောနိုင်သေးဘူးလို့လည်းပြောပါတယ်။

အဲဒီအဆိုကို ဒီကနေ့ညနေ ၄ နာရီ နောက်ဆုံးထား စာရင်းပေးရမှာကို ကိုယ်စားလှယ် ၆၀ ကျော် စာရင်းပေးထားပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ခြင်းမရှိတော့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အချို့ကတော့ ကန့်ကွက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org