PSI ဂြိုဟ်တုစလောင်းတွေကို စစ်ကောင်စီက လိုက်လံဖြုတ်သိမ်းနေ

2021.04.08
PSI ဂြိုဟ်တုစလောင်းတွေကို စစ်ကောင်စီက လိုက်လံဖြုတ်သိမ်းနေ သတင်းတွေ ဖမ်းယူနိုင်တဲ့ PSI ဂြိုလ်တုစလောင်းတပ်ဆင်ထားတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ်
Photo: CJ

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွေမှာ စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲ လှည့်လည်ပြီး PSI ဂြိုဟ်တုစလောင်း တွေကို လိုက်လံဖြုတ်သိမ်းခိုင်းနေတယ်လို့ ဒေသခံက RFA ကို ပြောပါတယ်။

ဒီနေ့ ရဲကားတွေနဲ့ လှည့်လည်နေပြီး PSI စလောင်းတွေကို မဖြုတ်ရင် ဖျက်ဆီးပစ်မယ်၊ သိမ်းဆည်းပစ်မယ်လို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

အလားတူပဲ ကျိုက်မရောမြို့နယ်မှာလည်း လိုက်လံဖြုတ်သိမ်းခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာလည်း PSI စလောင်းတွေကို စစ်ကောင်စီတပ်တွေက လိုက်လံ ဖြုတ်သိမ်းခိုင်းနေတယ်လို့ Mizzima သတင်းက ရေးသားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ အင်တာနက်တွေ ဖြတ်တောက်ထားတာမို့ ပြည်သူတွေ သတင်းသိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။

ဒီအချိန်မှာ PSI စလောင်းတွေကို အားကိုးပြီး လွတ်လပ်တဲ့သတင်းဌာနက သတင်းအမှန်တွေကို ကြည့်ရှုခွင့် ရနေတယ်လို့ မုံရွာမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီ PSI ဂြိုဟ်တုစလောင်းတွေကနေ စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်သိမ်းထားတဲ့ Mizzima နဲ့ DVB တို့လို သတင်းဌာနက သတင်းတွေကို ဖမ်းယူရရှိနိုင်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

A Civillian
2021-04-08 12:02

ဒီနေ့ညနေဘဲ နယ်ဘက်က PSI စလောင်းတွေမှာ
DVB နဲ့ Mizzana ကြည့်မရတော့ပါဘူး
RFA radio channel ကိုလည်း နားထောင်နေဆဲမှာဘဲ နောက်ထပ် channel တစ်ခုover write လုပ်သလို့ လိုင်တွေပူးပြီးနားထောင်လို့မရတော့ပါ