ဖားကန့်က KIO အရာရှိအိမ်ကို ဝင်စီးပြီး လူငယ် ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
RFA Burmese
2023.03.15
2023.03.15
ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် အမှတ်(၇) မှာရှိတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) အရာရှိ တစ်ဦးနေအိမ်ကို မတ်လ ၁၅ ရက်မနက် ၅ နာရီခန့်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၅၀ နီးပါးက KIO အုပ်ချုပ်ရေး အရာရှိအိမ်ကို ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး အိမ်မှာရှိနေသူ ငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအချိန်မှာ KIO အရာရှိက နေအိမ်ထဲမှာ ရှိမနေတဲ့အတွက် ဖမ်းဆီးမခံရခဲ့ဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ KIO အရာရှိအိမ်က ကျောက်စိမ်းတူးဖော်ရေး အလုပ်သမားလေးဦးနဲ့ ဧည့်သည်အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ဒီနေ့မနက် ၅နာရီလောက်မှာ လာဖမ်းတာ။ KIO အရာရှိကိုတော့ မဖမ်းမိဘူး။ သူ့အိမ်က ကျောက်စီမ်းတူးတဲ့သူ လေးယောက်နဲ့ ခဏလာနေတဲ့ ဧည့်သည်တစ်ယောက် ရောပါသွားတယ်။ Land Cruiser ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ ပိုက်ဆံတွေလည်း ယူသွားတယ်”
မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းကလည်း ဖားကန့်မြို့ ဖားပြင်ရွာက ရိုးရာယဉ်ကျေးမှုရုံးမှာ အစည်းဝေးလုပ်နေတဲ့ KIO အရာရှိတစ်ဦးအပါအဝင် ပြည်သူကိုးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ်ြ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် မတ်လကစလို့ ဖားကန့်မြို့နယ်အတွင်း KIO အုပ်ချုပ်ရေးအရာရှိတွေ အပါအဝင် KIO နဲ့ဆက်စပ်သူတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာပါတယ်။ RFA က ပြုစုထားတဲ့စာရင်းအရ နှစ်ပတ်အတွင်း KIA အုပ်ချုပ်ရေး အရာရှိတစ်ဦးအပါအဝင် အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။