သပိတ်စခန်း ဖျက်ဆီး မှု ဖြေရှင်းပေးဖို့ တင်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရ တဲ့ကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ မျိုးအောင်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇွန်လ ၂၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ၁ ၊ ၂၊ ၃ က မူလမြေပိုင်ရှင်များ ဆန္ဒပြနေကြစဉ် photo: RFA/ Sai Tun Aung Lwin

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရတဲ့ကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖြေရှင်းပေးဖို့ တင်ပြ ထားတယ်လို့ ဒဂုံဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဒီနေ့ ပြောပါ တယ်။

အဲ့ဒီ သပိတ်စခန်းကို ဒီနေ့ ရောက်ရှိလာတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မျိုးအောင်က သပိတ်စခန်းဖွင့်ထားသူတွေကို အခုလို ပြောခဲ့တာပါ။

"သူတို့ဘက်က ကိုင်ရတွယ်ရခတ်နေတယ်၊ အခတ်အခဲရှိနေတယ်ဆိုရင် ဆရာက ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြည်သူဘက်က ပဲဖြစ်ဖြစ် အခုလည်း အဲ့ကိစ္စဆောင်ရွက်ဖို့အတွက် လွှတ်တော်ကိုလည်း တင်ပြထားတယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြထားတယ်"

ဒီကနေ့ မနက် ၃ နာရီခွဲလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့ ရဲအင်အား စုစုပေါင်း အင်အား တစ်ထောင်ကျော်က ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ်ထား တဲ့ မြေနေရာဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က ရေတပ်စစ်တန်းလျားဆောက်လုပ်ဖို့ သိမ်းယူခဲ့တဲ့မြေနေရာဖြစ်ပြီး စစ်တန်းလျားမဆောက်ဘဲ ဝါဝါဝင်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင်အိမ်ရာကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ကတည်းက မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ မူလနေထိုင်ခဲ့သူ ၅ဝဝ လောက်က အိမ်ရာဆောက်လုပ်ခဲ့တဲ့ ဝါဝါဝင်းကုမ္ပဏီအနေနဲ့ မူလနေထိုင်ခဲ့သူတွေကို နစ်နာကြေးပေးဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org