သတင်းမီဒီယာတွေကို မေးမြန်း စစ်ဆေးမှု HRW ဝေဖန်

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ် ခွင့် နောက်ကြောင်းပြန်သွားနေတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။

Eleven နေ့စဉ်သတင်းစာရဲ့ လွိုင်ကော် သတင်းထောက် ထောင်ဒဏ်ချမှတ်ရတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းမီဒီယာ သမားတွေ ဆန္ဒပြနေစဉ် photo: RFA/ Sai Htun Aung Lwin

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ် ခွင့် နောက်ကြောင်းပြန် သွားနေ တယ်လို့ အမေ ရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။

မြန်မာသတင်းမီဒီယာနဲ့ စာနယ်ဇင်းတိုက်တွေက သတင်းထောက်နဲ့ အယ်ဒီတာတွေကို သတင်းတပ်ဖွဲ့ က ပန်းဆိုးတန်းလမ်းရုံးမှာခေါ်ယူပြီး ရသုံးငွေစာရင်း စစ်ဆေးနေတာတွေဟာ အရင်စစ်အစိုးရခေတ်က နည်းဗျူဟာအဟောင်းတွေကို သုံးပြီး ခြိမ်းခြောက်နေ တာဖြစ်ကြောင်း၊ အပေါ်ယံ အကြောင်းပြချက် က ငွေကြေးခဝါချမှုတွေ ကို ဖော်ထုတ်အရေးယူဖို့ ဆိုပေမယ့် သိသာထင်ရှားနေတာက သတင်းမီဒီယာတွေ ကို မသိမသာဖိအားပေးပြီး သတင်းအလုပ်အပေါ် ယုံကြည်မှုလျော့လာစေ ဖို့သာဖြစ်ကြောင်း HRW ရဲ့ အင်တာနက်စာမျက်နှာမှာ မနေ့ကနေ့စွဲနဲ့  ရေးသားထား ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း သတင်းထောက်တွေကို စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီးအရေးယူခဲ့တာတွေ ရှိခဲ့ကြောင်း၊ ဖန်တီးထားတဲ့ စွဲချက်တွေဖြစ်တဲ့ ပိုင်နက်ကျူးလွန်မှု၊ တာဝန် ဝတ္တရားနှောက်ယှက်မှုတွေနဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ် ၁ နှစ်အပြစ်ဒဏ်ချခဲ့ကြောင်း HRW  မြန်မာ နိုင်ငံဆိုင်ရာ ပြောခွင့်ရသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org