မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင်တွေကို လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီး တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က မိချောင်းကန်နဲ့ မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းတွေက ဦးဆောင်သူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး အောက်တိုဘာလ ၂ ရက်နေ့က မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များ မဟာဗန္ဓုလပန်းခြံအရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြစဉ် photo: RFA/ Thiha Htun

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မိချောင်းကန်နဲ့ မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းတွေက ဦးဆောင်သူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီခန်းမမှာ ဒီကနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာဂုဏ်ရောင်အိမ်ရာနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေနဲ့ အဲဒီအိမ်ရာဆောက်လုပ်သူ ဝါဝါ၀င်းကုမ္ပဏီက တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် ညှိနှိုင်းတွေ့ဆုံနိုင်ဖို့ လာမယ့်အပတ်လောက်မှာ စီစဉ်ပေးမယ်လို့ ပြောပါတယ်။

မြန်မာ့ဂုဏ်ရောင် အိမ်ရာဆောက်လုပ်ထား တဲ့ မြေနေရာဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် က ရေတပ်စစ်တန်းလျား ဆောက်လုပ်ဖို့ သိမ်းယူခဲ့တဲ့မြေနေရာဖြစ်ပြီး စစ်တန်းလျားမဆောက်ဘဲ ဝါဝါဝင်းကုမ္ပဏီက မြန်မာ့ဂုဏ်ရောင်အိမ်ရာကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆန္ဒပြနေသူတွေဟာ အရင်က အဲဒီရပ်ကွက်မှာ နေထိုင်ခဲ့သူတွေဖြစ်ပြီး စစ်တန်းလျားဆောက်ဖို့ဆိုတာကြောင့် ပြောင်းရွှေ့ပေးခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းမှု အဆင်ပြေမှသာ သပိတ်စခန်းရုပ်သိမ်းသွားမယ်လို့ မြန်မာ့ ဂုဏ်ရောင်အိမ်ရာကို ဆန္ဒပြနေသူတွေက ပြောပါတယ်။

အလားတူ မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြတောင်းဆိုနေတဲ့ မိချောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ ရပ်ကွက်မှာ နေထိုင်ခဲ့ကြသူတွေနဲ့လည်း ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်က မိကျောင်းကန်ရပ်ကွက်တွေ အတွက် အနိမ့်ဆုံး လျော်ကြေးငွေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ညှိနှိုင်းခဲ့ပေမဲ့ အတိအကျ မပြောနိုင်ခဲ့တာကြောင့် နှစ်ဖက်ညှိနှိုင်းမှု မပြေလည်ခဲ့ပါဘူး။

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနဲ့ မိချောင်းကန် သပိတ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် မနက် ၃ နာရီလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့တွေက သပိတ်စခန်းတဲတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org