အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မသမာမှုတွေပေါ်ပေါက်နေ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်က ကျေးရွာ အတော်များများမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
-
2012-12-22 -
-
-
အဲဒီလို ဥပဒေချိုးဖောက်တာကို ကြုံတွေ့ခဲ့တဲ့ လက်ဆောင်ပေးရွာ NLD အဖွဲ့ဝင် ဦးမြတ်ဆွေက သက်ဆိုင်ရာကို သူတင်ပြခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြန်လည်ပြုလုပ်မယ်လို့ အခုကြား သိရကြောင်း RFA ကို ပြောပါတယ်။
သူတို့ လက်ဆောင်ပေးရွာသားတွေကတော့ အုပ်ချုပ်ရေးမှူး ပြန်ရွေးမှာကို မလိုလားဘဲ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ ပုဒ်မ(ရ/ဆ)အရ ဒုတိယအရွေးခံရသူကို ခန့်ထားပေးဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။
ရွေးချယ်ပွဲပြန်လုပ်ရင် အရင်ကအတိုင်းပဲ အုပ်ချုပ်ရေးအဖွဲ့က လိုလားသူတွေကို အရွေးခံရအောင် ထပ်မံလုပ်ဆောင်မှုရှိနိုင်တယ်လို့ သူတို့ကပြောပါတယ်။
တံတားဦးမြို့နယ်ထဲက လက်ဆောင်ပေးရွာအပြင် ငါးရွာ၊ ဖျားရွာ၊ ဇီးပင်စုရွာ၊ အင်ကန်ရွာ၊ ခနုံတပ်ရွာ၊ သွေးနီကန်ရွာတွေမှာလည်း အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနဲ့ပတ်သက်ပြီး မသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။