ပြန်ပေးအပ်ရမယ့်ငွေကို အရစ်ကျသွင်းမယ်လို့ မန္တလေးတိုင်းအစိုးရ အဖွဲ့ဟောင်း စာပို့
မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းက ပြန်လည် ပေးအပ်ရမယ့် ငွေကျပ်သန်းပေါင်း ၂၃၀၀ ကျော်ကို လက်ရှိတိုင်းအစိုးရအဖွဲ့ထံ အရစ်ကျနဲ့ ပေးသွားမယ်လို့ အကြောင်းကြားထားကြောင်း တိုင်းဝန်ကြီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
-
2018-08-27 -
-
-
မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းက ပြန်လည် ပေးအပ်ရမယ့် ငွေကျပ်သန်းပေါင်း ၂၃၀၀ ကျော်ကို လက်ရှိ တိုင်းအစိုးရ အဖွဲ့ထံ အရစ်ကျနဲ့ ပေးသွားမယ်လို့ အကြောင်းကြားထားကြောင်း တိုင်းဝန်ကြီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ပြန်ပေးရမယ့် ကျပ်သန်း ၂၃၀၀ ကျော်ကို လေးကြိမ်ခွဲပြီး ၂၀၁၉ ခုနှစ် မတ်လအတွင်း အပြီးပေးသွားမယ်လို့ သြဂုတ်လ ၂၃ရက်နေ့က ပေးပို့တဲ့ အစိုးရအဖွဲ့ဟောင်းရဲ့ အကြောင်းကြားစာ အရ သိရပါတယ်။
မန္တလေးတိုင်းအစိုးရ အဖွဲ့ဟောင်းက ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်ထိ သုံးစွဲခဲ့တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ပြီးနောက် နိုင်ငံတော်ဘဏ္ဍာငွေကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဒီငွေတွေနဲ့ပတ်သက်လို့ ဦးရဲမြင့် ဦးဆောင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ပြည်သူ့ဘဏ္ဍာငွေ မဟုတ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်တွေက လှူဒါန်းထည့်ဝင်တဲ့ ရန်ပုံငွေသာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။