ဧရာဝတီဒေသခံတွေ မောင်တောထူထောင်ရေး ကူညီအောင် ဝန်ကြီးချုပ် နှိုးဆော်မည်


2017.10.27
mahn-jonny-622.jpg ရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေ ၊ အသင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပါ ပါဝင်ကူညီလာနိုင်အောင် နှိုးဆော်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ကပြောပါတယ်။

ဒီနေ့ မနက်က စစ်တွေမြို့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက သတင်းထောက်တွေကို ပြောခဲ့ တာဖြစ်ပါတယ်။

"ဧရာဝတီတိုင်းကရှိတဲ့ ကုန်သည်ကြီးအသင်းတွေရော၊ ကျန်တဲ့ CSO တွေရော၊ လူမှုရေးအဖွဲ့အစည်းတွေပါ အားလုံးကို အစည်းအဝေးခေါ်ပြီးတဲ့နောက် ခင်ဗျားတို့ ဘယ်လိုကူညီမလဲ၊ အဲဒါကို ငါတို့အစိုးရချည်းပဲ လုပ်လို့ မရပါဘူး၊ မင်းတို့လည်းပါမှ မင်းတို့နဲ့ငါတို့နဲ့ မရသေးပါဘူး၊ ပြည်သူပါမှ အဲဒီလို ၃ ဦး ၃ ဖက် အကုန်လုံးပါမှ လုပ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီအတိုင်းအတာအရ ဘယ်လောက်ထိပေးမလဲဆိုတာကတော့ ပြောလို့မရဘူး၊ အကောင်းဆုံး ကူညီပေးမယ်"

မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တို့ဟာ မောင်တောမြို့နယ်ကို မနေ့က သွားရောက်လေ့လာခဲ့တာပါ။

အဲဒီခရီးစဉ်မှာ သစ်တုံးနားခွဆုံ မြိုတိုင်းရင်းသားကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ရွာခံတိုင်းရင်းသားတွေ နဲ့ တွေ့ဆုံခဲ့သလို အတတ်နိုင်ဆုံး အကူအညီတွေပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီးချုပ် မန်းဂျော်နီ ကပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ဘက်ကနေ ဧရာဝတီတိုင်းဒေသကြီးဘက်အထိ ကမ်းခြေပတ်လမ်းမတစ်ခုကိုဖောက်လုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရနဲ့ သဘောတူထားတယ်လို့လည်း ဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကလည်း ဝိုင်းဝန်းကူညီ သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။