မောင်တောမှာ မကဖ ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်

ရခိုင်ပြည်နယ် မောင်တောနယ်စပ် မှာ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖျက်သိမ်းခဲ့တဲ့ နယ်စပ်ဒေသ လူဝင်မှုကွပ်ကဲရေးဌာနချုပ် (နစက) နေရာမှာ အစားထိုးတာန်ပေးအပ်ဖို့ အဲဒီမကဖအဖွဲ့ကို အမြန်ဖွဲ့စည်းမှာဖြစ်ကြောင်း။ အရင်က နစကမှာ တပ်မတော်၊ ရဲ၊ လကနဲ့ အကောက်ခွန် စုပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် မကဖကိုတော့ လကအဖွဲ့ တစ်ခုတည်းကသာ တာန်ယူမှာဖြစ်ကြောင်း သိရပါတယ်။

မကဖ ကွပ်ကဲရေးမှူးရုံးကို လဝကဝန်ထမ်း ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး မောင်တောမြို့ပေါ်က ပီအိုအီးဂိတ်၊ သုံးမိုင်စစ်ဆေးရေးဂိတ်၊ ဘင်္ဂလားဒေ့ရ်ှနယ်စပ်နဲ့ ထိစပ်နေတဲ့ မောင်တော မြောက်ပိုင်းဒေသက အောင်ဇူ၊ ကြိမ်ချောင်း၊ ငါးခူရ၊ ပျဉ်ဖြူနဲ့ တောင်ပြို လက်ဝဲဒေသတွေအပြင် မောင်တော တောင်ပိုင်းဒေသက ပင်လယ်နဲ့ထိစပ်နေတဲ့ အလယ်သံကျော်နဲ့ အင်းဒင်နေရာတွေမှာ နေရာချထားဖို့ကို ဝန်ကြီးဌာနက စီစဉ်နေတယ်လို့ လဝကအရာရှိတစ်ဦးက အတည်ပြုပြောကြားပါတယ်။

နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) အဖွဲ့တွေကို အရင်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ဖွဲ့စည်းဖူးကြောင်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org