စုဆောင်းငွေ အလွဲသုံးစားမှု မတ္တရာဈေးသူတွေ ဆန္ဒပြ

မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေး သား ၂ဝဝ လောက်ဟာ သူတို့စုဆောင်း ထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အတွက် သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်ပေးဖို့ ဒီကနေ့ မြို့ပေါ်မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသားတွေ ဗြဟ္မစာရီ နာရေးကူညီရေးအသင်းရဲ့ ဓမ္မရတနာ ငွေစုအသင်းကော်မတီက လူကြီးတွေအပေါ် သက်ဆိုင်ရာက အရေးယူပေးဖို့ ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒပြစဉ် Photo: Hset Paing Toe/RFA

မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသား ၂ဝဝ လောက်ဟာ သူတို့စုဆောင်းထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အတွက် သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်ပေးဖို့ ဒီကနေ့ မြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

လိမ်လည်မှုကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ ဥပဒေအရ အရေးယူပေးဖို့အတွက် တောင်းဆိုကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးမောင်မောင်နိုင် က ပြောပါတယ်။

"ကျနော်တို့က စုငွေတွေပြန်လည်ရရှိရေး ကျနော်တို့ကို ဘာမှလုပ်မပေးတဲ့ အစိုးရဌာနဆိုင်ရာ လူကြီးတွေ သိအောင်လို့ ဒါလိမ်လည်မှုကြီး ဖြစ်သွားတယ်ဆိုရင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အသင်းကို ဒီအတိုင်းလက်ပိုက်ကြည့်နေတယ်၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ကတောင်မှ အထက်ညွှန်ကြားချက် မရဘဲနဲ့ လာညှိနှိုင်းဖြေရှင်းပေးတယ်၊ အကျိုးဆောင်ပေးတယ်၊ ဒါပေမဲ့ ဌာနဆိုင်ရာက ဘာမှမလုပ်ပေးဘူး၊ လိမ်လည်မှုကြီးဆိုတာသိတယ်၊ ကျနော်တို့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကလေးတွေကို အထက်ကို စာလေးတင်ပေးတာရှိတယ်၊ ဘာမှအကျိုးဆောင်မပေးဘူး၊ အကျိုးဆောင်မပေးတဲ့အခါ ဒီလူတွေကပိုကဲတယ်"

မတ္တရာ ဈေးသူ ဈေးသား ၇ဝဝ ကျော်ရဲ့ စုဆောင်းငွေ ကျပ်သိန်း ၁၂ဝဝ ကျော်ကို ဗြဟ္မစာရီ လူမှုကူညီရေးအသင်း က ပြန်လည်မထုတ်ပေးတော့တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

အသင်းအနေနဲ့ ငွေအလွဲသုံးစားပြုလုပ်ခဲ့သူကို ထုတ်ဖော်မပြောပေမယ့် စုငွေစာရင်းတွေကို အသေးစိတ်စိစစ်ပြီးမှ စုငွေတွေပြန်ထုတ်ပေးနိုင်အောင် စီစဉ်သွားမယ်လို့ ဗြဟ္မစာရီ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြော ပါတယ်။

ဆန္ဒပြ ဈေးသူ ဈေးသားတွေကတော့ တစ်ပတ်အတွင်း ငွေပြန်မထုတ်ပေးနိုင်ရင် ဘဏ္ဍာရေးမှူး အပါအဝင် အသင်းတာဝန်ရှိသူ ၅ ဦးကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org