ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ မနေ့ညနေက ဖြစ်ပွားတဲ့ယာဉ်တိုက်မှုကြောင့် ရန်ကုန်ဆေးရုံ ကြီးမှာ ကုသမှုခံယူနေရပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ကို တွေ့ရစဉ် ဓါတ်ပုံ - မန်းဂျော်နီ(facebook)

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ မနေ့ညနေက ဖြစ်ပွားတဲ့ယာဉ်တိုက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။

နေပြည်တော်ကို အစည်းအဝေးတက်ရန် ပုသိမ်ကသွားရောက်စဉ် ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်က ဦးမန်းဂျော်နီလိုက်ပါတဲ့ကားကို ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ အနီးမှာ ရန်ကုန်က ဇလွန်ကို မောင်း လာတဲ့ ခရီးသည်တင် ကား ၁ စင်းက ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာ ပါတယ်။

ဝန်ကြီးချုပ်ဟာ ယာဉ်တိုက်မှုကြောင့် ခေတ္တသတိလစ်သွားခဲ့ကြောင်း၊ အဲဒီနောက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ လက်ကိုလှုပ်လို့မရသေးကြောင်း၊ အဲဒီ

ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားကြောင်း ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဌေးက စောစောပိုင်းမှာ ပြောပါတယ်။

ထပ်မံရရှိတဲ့ သတင်းအရ ဝန်ကြီးချုပ် သတိကောင်းစွာရနေပြီဖြစ်ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် လက်အနည်းငယ်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်းနဲ့ ရက်အနည်းငယ်တော့ အနားယူရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ရဲ့ သားဖြစ်သူ ကိုဇာနည်မောင်က ပြောဆိုတယ်လို့ News Watch ဂျာနယ်က ဖေါ်ပြပါတယ်။

ဦးမန်းဂျော်နီကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ အခုဆေးကုသပေးနေပြီး ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လာရောက်ကြည့်ရှုခဲ့တယ်လို့ ကုမုဒြာဂျာနယ်က ရေးသားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org