မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ၇၀၀ နီးပါးသေဆုံး

RFA Burmese
2025.03.29
မန္တလေးတိုင်းအတွင်း ငလျင်ကြောင့်  ၇၀၀ နီးပါးသေဆုံး မန္တလေးမြို့ပေါ်က ငလျင်ကြောင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများအား မတ်လ၂၈ရက်က တွေ့ရစဉ်။ Photo: Kyaw Gyi (MDY)
FB

မန္တလေးတိုင်းအတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ  ၆၉၄ ဦး ရှိသွားပြီလို့ စစ်ကောင်စီက မတ်လ၂၉ ရက် မနက်ပိုင်းမှာ နိုင်ငံပိုင် MRTVသတင်းဌာနကတဆင့် သတင်း ထုတ်ပြန်ပါတယ်။

ဒဏ်ရာရရှိသူ ၁၆၇၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၆၈ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

လက်ရှိမှာ နိုင်ငံတကာအကူအညီတွေကို စစ်ကောင်စီကတောင်းခံထားပြီး ရုရှား နဲ့ တရုတ်နိုင်ငံကလည်း ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ထားပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ နဲ့ အမေရိကန်၊ အိန္ဒိယ၊ တရုတ်နိုင်ငံ တို့ကလည်း လူသားချင်းစာနာမှုအကူအညီတွေပေးမယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။