မန္တလေးစိန်ပန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး

2021.04.01
မန္တလေးစိန်ပန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး သေဆုံးသူ သေနတ်ကျည်ထိမှန်ခဲ့တဲ့နေရာ
Photo: RFA

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ထဲမှာ ဒီကနေ့ ညနေပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ နှစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဦးခေါင်းကို သေနတ်ကျည်ထိမှန် သေဆုံးသွားတဲ့ သေဆုံးသူတစ်ဦးရဲ့ ရုပ်အလောင်းကို စစ်တပ်က သိမ်းယူသွားတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

နောက်ထပ် ဝမ်းဗိုက်ကိုကျည်ထိမှန်ပြီး သေဆုံးသူတစ်ဦးဟာ အရံမီးသတ်တပ်ဖွဲ့ဝင် ကိုဇော်ကိုလတ်(၁၈ နှစ်) ဖြစ်တယ်လို့ ဒေသခံMandalay Indepth သတင်းက ဖော်ပြပါတယ်။

စိန်ပန်းရပ်ကွက်ထဲမှာ ဒီနေ့ နေ့လည် တစ်နာရီလောက်ကစပြီး ညနေပိုင်းအထိ စစ်တပ်နဲ့ ရဲတွေရဲ့ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး အပြင်းအထန်ဒဏ်ရာရထားတဲ့သူ ဆယ်ဦးထက်မနည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့ထိ သေဆုံးသူ ၅၀၀ ကျော်ရှိပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။