အမြန်လမ်းယာဉ်တိမ်းမှောက်မှု ၇ ဦးသေ ၃၈ ဦး ဒဏ်ရာရ

နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ မန္တလာမင်းခရီးသည်တင် ယာဉ်ဟာ မနေ့ည ၇ နာရီ မိနစ် ၂၀ အချိန် မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့ တာကြောင့် ၇ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်ညက တိမ်းမှောက်ခဲ့တဲ့ မန္တလာမင်း ခရီးသည်တင်ယာဉ်ကို တွေ့ရစဉ် Photo: Maynine Moe (facebook)

နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ မန္တလာမင်း ခရီးသည်တင်ယာဉ်ဟာ မနေ့ည ၇ နာရီ မိနစ် ၂၀ အချိန်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တာကြောင့်  ၇ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်တိုင် ၉၁ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံကြားအရောက်မှာ ကားကအရှိန်မထိန်းနိုင်ပဲ တံတား၂ ခုကြားက မြောင်းထဲကို ကျသွားတာဖြစ်တယ်လို့ နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းတာဝန်ခံ ဒုရဲအုပ် စိုးဝင်းက ပြောပါတယ်။

"သူကအရှိန်ပြင်းတာပေါ့ဗျာ၊ အရှိန်မထိန်းနိုင်ပဲနဲ့ လမ်းလယ်တုံးတိုက်ပြီးတော့ တံတား ၂ ခုကြားက မြောင်း ထဲကျသွားတာ၊ မိုင်တိုင် ၉၁ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံကြားပါ၊ သေဆုံးသူက ကျား ၄ ဦး မ ၃ ဦး ၇ ဦး ခင်ဗျ၊ ဒဏ်ရာရသူကတော့ အားလုံးပေါင်း ၃၈ ဦး ခင်ဗျ"

သေဆုံးသွားသူတွေဟာ မန္တလာမင်း မော်တော်ယာဉ်လိုင်းက ယာဉ်မောင်း၊ အကူယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်မယ်နဲ့ ခရီးသည် ၃ ဦးတို့ဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ယာဉ်မှာ မန္တလာမင်းကားအဖွဲ့ ၄ ဦးအပါအဝင် စုစုပေါင်း ၄၅ ဦး လိုက်ပါလာ တာဖြစ်ပြီး ကျား ၂၂ ဦး၊ မ ၁၅ ဦး နဲ့ သံဃာ ၁ ဦးတို့ စုစုပေါင်း ၃၈ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေဟာ မြို့ချောင်းတိုက်နယ်ဆေးရုံ၊ ရန်ကုန်၊ ပဲခူးနဲ့ ဖြူး စတဲ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org