သမ္မတဆုံးဖြတ်ချက်ကို ကြိုဆိုဆန္ဒပြ

အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း လျှောက်ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခကြောင့် သေဆုံးသွားသူများအတွက် ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ RFA

သမ္မတဦးသိန်းစိန်အစိုးရက စစ်တွေနဲ့ ရန်ကုန်မြို့မှာ OIC ရုံးဖွင့်ဖို့ ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း သတင်းထုတ် ပြန်ခဲ့တဲ့အတွက် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ မာန်အောင်လူငယ်အဖွဲ့က ကိုဖြူလုံးက RFA ကို ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက တရားဝင်ခွင့်ပြုချက် ရရှိခဲ့တာဖြစ်ပြီး မာန်အောင်မြို့ရဲ့ ပထမဆုံးအကြိမ် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ  မာန်အောင်မြို့ အနောက်စုရပ်ကွက် တရုတ်တန်းလမ်းကနေ စတင်ချီတက်ပြီး ရုံးတက်လမ်း၊ ကမ်းနားလမ်း၊ စည်ပင်သာယာလမ်းတလျှောက်နဲ့ နောက်ဆုံး မြို့ပတ်လမ်းမှာ အဆုံးသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org